Quantcast
Channel: The Hot News Weekly Journal »နောင်ငယ်
Viewing all articles
Browse latest Browse all 2

ကမ္ဘာကျော်ဦးပိန်တံတား ပြုပြင်ရန်စီစဉ်နေ

$
0
0

 

 

နှစ်ပေါင်း ၁၆၀ ကျော်သက် တမ်းရှိ ဦးပိန်တံတားကို ရှေးမူမ ပျက် သုတေသန ပြန်လည်ြ့ပုပြင် မည်ဖြစ်ကြောင်း ရှေးဟောင်းသု တေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန(မန္ဆလေး) ဌာနခွဲမှ သိရသည်။
ပြည်တွင်းပြည်ပခရီးသွားများ လာရောက်လည်ပတ်မှုအများဆုံး ထဲတွင် တစ်ခုအပါအ၀င်ဖြစ် သော မန္တလေးမြို့ရှိ ဦးပိန်တံတား ကို ပြုပြင်ရန် စီစဉ်နေသည်ကို ရှေးဟောင်းသုတေသနအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှ သိရ သည်။
““ဒီလို ပြည်ပခရီးသွားတွေ လာရောက်မှုများပြားတဲ့ ဦးပိန် တံတားရဲ့ဆွေးမြည့်နေသော တိုင် တွေနဲ့ တံတားကြမ်းခင်းတွေကို လဲလှယ်ဖို့ကုန်ကျစရိတ် တွက် ချက်ပြီးရင် စတင်လုပ်ဆောင် သွားမယ်”” ဟု ၎င်းကပြောသည်။
ဦးပိန်တံတားကို ပြုပြင်ပေး မည့်အပြင် တံတားကိုဖျက်ဆီး အောင်ပြုလုပ်ကြသူများကို စောင့်ကြည့်ပြီး အရေးယူသင့် ကြောင်း မန္တလေးမြို့ခံတစ်ဦးမှ ပြောသည်။
““ဒီဦးပိန်တံတားအနားမှာ ရှိ တဲ့ ဘုန်းတော်ကြီးကျောင်းက သံဃာတော်တွေက် တံတားရေ ရှည်တည်တံ့အောင် ဆိုင်ကယ်၊ စက်ဘီးတွေနဲ့ သွားခွင့်မပေးပါ ဘူး။ သံဃာတော်တွေကတော့ တွေ့ရင်တားတာပဲ။ ဒါပေမဲ့ စည်း ကမ်းမဲ့တဲ့သူအချို့ကြောင့်       တံတားက ကြာကြာမခံနိုင်တော့ ပဲ တန်းတွေကျိုးတာ ဖြစ်တယ်။ အစိုးရအပိုင်းကလဲ စည်းကမ်းမဲ့ ဆိုင်ကယ်မောင်းသူတွေကို ပြင်း ပြင်းထန်ထန် အရေးယူသင့် တယ်”” ဟု ဒေသခံများက ဆို သည်။
ဦးပိန်တံတားကိုကုန်းဘောင် ခေတ် ပုဂံမင်းလက်ထက် ခရစ် နှစ် ၁၈၄၉ ခုနှစ်ခန့်တွင် မြို့ဝန် စာရေး ဦးပိန်က အမရပူရမြို့ တောင်သမန်ရွာတွင်တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး ယင်းတံတားသည် အရှည် ၃၉၇၆ ပေခန့် ရှည်လျား ပြီး တိုင် ၉၈၄ တိုင်ခန့်ရှိသည်။

 

 

နောင်ငယ်


Viewing all articles
Browse latest Browse all 2

Latest Images

Trending Articles





Latest Images